https://www.bryair.com/mm/bangladesh-mm/about-us/
=
Bryair အကြောင်း | Bryair
BryairBryair အကြောင်း

ရေငွေ့ဖယ်ရှားစနစ်တွင် တစ်ကမ္ဘာလုံး၌ ဦးဆောင်သူဖြစ်သော  ဘရိုင်-အဲယား  သည် ရေငွေ့ဖယ်ရှားခြင်းနှင့် အခြောက်ခံခြင်း၊ ဂက်စ်အဆင့်တွင် စစ်ထုတ်ခြင်း၊ ပလတ်စတစ်များ အခြောက်ခံခြင်း၊ သယ်ပို့ခြင်း၊ ရောသမခြင်း၊ အပူချိန်မြင့် စွန့်ပစ်ပစ္စည်းမှ အပူပြန်ရယူခြင်းနှင့် စွမ်းအင်စမတ်နည်းပညာဖြင့် စွန့်ပစ်အမှိုက် အပူကိုသုံးခြင်းတို့တွင် ကမ္ဘာလုံးအတိုင်းအတာနှင့် ဖြေရှင်းပံ့ပိုးပေးနေသူဖြစ်ကာ တရုတ်၊ မလေးရှား၊ ဘရာဇီး၊ နိုက်ဂျီးရီးယားနှင့် ဆွစ်ဇာလန်တို့တွင် လက်အောက်ခံ ကုမ္ပဏီများရှိပြီး အမေရိကန်ပြည်ထောင်စုတွင် တွဲဖက်စက်ရုံတစ်ရုံရှိသည်။

ဘရိုင်-အဲယား သည် ယုံကြည်ထိုက်သော ၎င်း၏ထင်ရှားကျော်ကြားမှုများစွာနှင့်အတူ ရေငွေ့ဖယ်ရှားခြင်းနှင့် ပတ်ဝန်းကျင်ထိန်းချုပ်ရေး ဖြေရှင်းချက်များနယ်ပယ်တွင် အသုံးချခြင်း၊ ထုတ်လုပ်ခြင်း၊ အင်ဂျင်နီယာပညာသုံးခြင်းနှင့် R&D ပိုင်း၌ အတွေ့အကြုံ ဆယ်စုနှစ်ငါးခုကျော်ရှိသည်။

ISO 9001:2015 နှင့် ISO 14001:2015 အသိအမှတ်ပြုလက်မှတ်ရထားသော ဘရိုင်-အဲယား သည် ခိုင်မာသော R&D နှင့် စမ်းသပ်မှု၊ ကွန်ပျူတာသုံး 3D ဒီဇိုင်းထုတ်ခြင်း၊ CNC ဖက်ဘရစ်ကေးရှင်း၊ ပေါင်ဒါအလွှာအုပ်ခြင်း ဆောင်ရွက်ပေးမှုများနှင့် အလိုအလျောက် သယ်ပို့စနစ်များ ပံ့ပိုးမှုတို့ကြောင့် ဤနည်းပညာလောကတွင် ခေတ်အမီဆုံးဖြစ်သည်။ Bဘရိုင်-အဲယား၏R&D စင်တာကို သိပ္ပံနှင့်နည်းပညာဌာနမှ အသိအမှတ်ပြုထားပြီး ဤလုပ်ငန်းလောကတွင် အကောင်းဆုံးထဲမှတစ်ခုဖြစ်သည်ကို သံသယရှိစရာမလိုပေ။ စင်တာအနေဖြင့် အစိုဓာတ်စုပ်ပစ္စည်းကို အခြေခံသော၊ အမြှောင်းများပါသည့် ကြားခံနယ်များသုံး နည်းပညာများအပိုင်းတွင် နောက်ဆုံးပေါ် နည်းပညာများသုံးသည့် ထုတ်ကုန်ဖွံ့ဖြိုးတိုးတက်မှုနှင့် အစဉ်တစိုက် ထိတွေ့လျက်ရှိပါသည်။ ဘရိုင်-အဲယား သည် နိုင်ငံတကာ မူပိုင်ခွင့်မှတ်ပုံတင်များစွာ လျှောက်ထားပြီးဖြစ်ကာ ယင်းတို့အနက်မှ အများစုသည် ခွင့်ပြုချက် ရရှိပြီးဖြစ်သည်။ အသေးစိတ်အချက်အလက်များအတွက် ဤနေရာကို နှိပ်ပါ။

ဘရိုင်-အဲယား သည် လစ်သီယမ် ဘက်ထရီ၊ ဆေးဝါး၊ အစားအစာထုတ်လုပ်ခြင်း၊ တစ်ပိုင်းလျှပ်ကူးပစ္စည်း၊ အီလက်ထရောနစ်လုပ်ငန်း၊ တာဘိုင်သိုလှောင်ခန်း၊ အအေးခန်း စသည်ကဲ့သို့သော ဝယ်လိုအားရှိနေသည့် အသုံးချစရာများကို ဖြေရှင်းနိုင်သည့် ရေငွေ့စုပ်ပစ္စည်းကို အခြေခံဖန်တီးထားသော ရေငွေ့ဖယ်ရှားစနစ်များကို ဖန်တီး၊ ထုတ်လုပ်ရာတွင် အထူးပြုလုပ်ဆောင်ရွက်ပါသည်။

အောက်ပါတို့လည်းပါဝင်သော ထုတ်ကုန်အမျိုးမျိုးနှင့်အတူ ဘရိုင်-အဲယား (အာရှ) သည် ရေငွေ့ဖယ်ရှားခြင်း နှင့် လုပ်ငန်းသုံး လေဆိုင်ရာ ဖြေရှင်းမှုနည်းပညာတွင် ထိပ်တန်းရောက်လျက်ရှိသည်:

  • စိုထိုင်းဆထိန်းချုပ်မှုနှင့် ရေငွေ့ဖယ်ရှားမှုအတွက် ရေငွေ့စုပ်စက်များနှင့် ထုတ်ကုန်ပစ္စည်း အခြောက်ခံစက်များ

  • ပွန်းစားသော၊ အနံ့ဆိုးသော ဓာတ်ငွေ့များကို ဖယ်ရှားရန်အတွက် အငွေ့အဆင့် စစ်ထုတ်စနစ်များ

  • အခြောက်ခံခြင်း၊ သယ်ပို့ခြင်းနှင့် ရောသမမွှေခြင်းတို့အတွက် ပလတ်စတစ်အကူပစ္စည်းများ

  • စွန့်ပစ်ပစ္စည်းမှ အပူပြန်လည်ရယူခြင်းအတွက် အပူချိန်မြင့်ဘီး

  • စွန့်ပစ်ပစ္စည်းမှ အပူကိုသုံး၍ စွမ်းအင်စမတ်နည်းပညာဖြင့် အအေးခံခြင်းအတွက် ရေငွေ့စုပ်အေးခဲစက်။

ကုမ္ပဏီ၏ ထုတ်ကုန်အမျိုးမျိုးကို လုပ်ငန်းအားလုံးတွင် တွေ့နိုင်ပြီး အရှေ့တောင်အာရှ၊ တရုတ်၊ CIS နိုင်ငံများ၊ အိန္ဒိယ တိုက်ငယ်၊ အနောက်အာရှ၊ အရှေ့အလယ်ပိုင်းနှင့် တောင်အာဖရိကန်အပါအဝင် အာဖရိကနှင့် သြစတြေးလျ၊ အလားတူ အမေရိကန်ပြည်ထောင်စုနှင့် ဂျပန်တို့အပါအဝင် နိုင်ငံပေါင်း 80 ကျော်တွင် တပ်ဆင်အသုံးပြုထားပါသည်။ ထုတ်ကုန်အမျိုးမျိုးကို နောက်ဆုံးပေါ် နည်းပညာများ၊ ခိုင်မာအားကောင်းသော R&D (သုတေသနနှင့်ဖွံ့ဖြိုးမှု)၊ ကမ္ဘာ့အဆင့် စမ်းသပ်မှုဆိုင်ရာ ပံ့ပိုးမှုများနှင့် အဆင့်မြင့်လေ့ကျင့်ပေးထားသော အင်ဂျင်နီယာအဖွဲ့တို့ဖြင့် ပံ့ပိုးပေးထားသည်။ ဘရိုင်-အဲယား သည် Pahwa အုပ်စု၏ ထင်ရှားလူသိများသော ကုမ္ပဏီတစ်ခုဖြစ်သည်။

  • Bry Air newsletter pahwa_logo
  • bryair_logo
  • DRI Logo
  • Delair Logo
  • Bry Air tds_logo
  • accentium logo
Top
whatsapp_avatar

BryCareTM Support
Online

For assistance, please enter your email and phone number below.
×
Chat with Us